Thursday, March 26, 2015

Android ဖုန်းများပေါ်မှ ဗီဒီယိုဖိုင်များ တည်းဖြတ်ခြင်း


By: 

ကိုသက်
Android ဖုန်းတွေပေါ်ကနေ Video ဖိုင်တွေကို အလွယ်တကူ Edit ပြုလုပ်နိုင်မယ့် နည်းလမ်းဖြစ် ပါတယ်။ Edit ပြုလုပ်ဖို့အတွက် Android Video Edit ဆော့ဖ်ဝဲတစ်ခုဖြစ်တဲ့ Video Edit + (Video Editor) ဆိုတဲ့ ဆော့ဖ်ဝဲကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲဟာ အသုံးပြုဖို့အတွက် လွယ်ကူတဲ့အပြင် ဆော့ဖ်ဝဲကိုလည်း Play Store ပေါ်မှာ အခမဲ့ရယူ အသုံးပြုနိုင်ပါတယ်။ ဆော့ဖ်ဝဲရဲ့ Icon ကတော့ ခုလိုပုံစံမျိုးရှိပါတယ်။
ဆော့ဖ်ဝဲကို ဖွင့်လိုက်ရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့် မယ်။
မြင်တွေ့ရတဲ့ မြင်ကွင်းမှာရှိနေတဲ့ Create New Project ဆိုတဲ့နေရာကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။
ဒါကတော့ ကိုယ်ပြုလုပ်မယ့် ဗီဒီယို Edit ဖိုင်အတွက် Project နာမည်ပေးရမယ့် နေရာဖြစ်ပါ တယ်။ ဒီနေရာမှာ ကိုယ်ပေးချင်တဲ့ နာမည်တစ်ခုခုကို ပေးခဲ့လိုက်ပါ။ ပြီးသွားရင်တော့ OK ကိုနှိပ်လိုက်ရင် ခုလိုမျိုး မြင်တွေ့ရပါ လိမ့်မယ်။
ဒါကတော့ Video ဒါမှမဟုတ် ဓာတ်ပုံတွေကို Movie ဖိုင်အဖြစ် ပြုလုပ်တဲ့အချိန်မှာ Edit ပြုလုပ်ရမယ့် နေရာဖြစ်ပါတယ်။ ကွန်ပျူတာတွေမှာ အသုံးပြုတဲ့ Video Edit ဆော့ဖ်ဝဲတွေနဲ့ ဆင်တူတဲ့ မြင်ကွင်းမျိုး ဖြစ်ပါတယ်။ မြင်တွေ့ရတဲ့ မြင်ကွင်းရဲ့ အလည်မှာရှိနေတဲ့ အပေါင်းလက္ခဏာ သင်္ကေတကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ရပါ လိမ့်မယ်။
ဒါကတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ ဗီဒီယိုဖိုင် ဒါမှမဟုတ် ဓာတ်ပုံတွေကို Edit လုပ်ဖို့အတွက် ရွေးချယ်ထည့်သွင်းရမယ့် နေရာဖြစ်ပါတယ်။ ကိုယ် Edit ပြုလုပ်မယ့် ဖိုင်ကိုရွေးချယ် ပေးလိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ရပါ လိမ့်မယ်။
ဒါဆိုရင်တော့ Edit စတင်ပြု လုပ်လို့ရပါပြီ။ အကွက်သုံးကွက် ရှိနေတဲ့နေရာမှာ အပေါ်ဆုံးက လေးထောင့်ကွက် အကြီးကတော့ Project Monitor လို့ခေါ်ပါတယ်။ ဒါကတော့ ကိုယ်ပြုလုပ်နေတဲ့ Project ကို ကြည့်ရှုရမယ့် နေရာဖြစ်ပါတယ်။ အောက်မှာရှိနေတဲ့ အကွက်နှစ်ကွက်မှာတော့ အလည်တည့်တည့်မှာ ရှိနေတဲ့ မျဉ်းကြောင်းဟာ Edit ပြုလုပ်ရမယ့် မျဉ်းကြောင်း ဖြစ်ပါ တယ်။ Project ဖိုင်ဟာ အလည်  ဒေါင်လိုက် မျဉ်းကြောင်းနေရာ ကနေပဲစတင်ပါလိမ့်မယ်။ Play သင်္ကေတကို နှိပ်လိုက်ရင် ကိုယ့်ရဲ့ Video ဖိုင်ဟာ စတင်ပြီး သွားနေပါလိမ့်မယ်။
ဗီဒီယိုဖိုင် စတင်ပြီးသွားနေတဲ့ အချိန်မှာ ကိုယ်က အပေါ်မှာမြင် တွေ့ရတဲ့ အကွက်ထဲက ရုပ်တွေရဲ့ အသွားအလာကို ကြည့်ပြီး ကိုယ်ဖြတ်ချင်တဲ့ အပိုင်းတွေကို ဖြတ်ရမှာဖြစ်ပါတယ်။ အောက်မှာရှိနေတဲ့ ဒေါင်လိုက် မျဉ်းကြောင်းပေါ်မှာ ရှိနေတဲ့ ဗီဒီယိုဖိုင်ကို လက်နဲ့ ထောက်လိုက်ရင်တော့ ခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။
မြင်တွေ့ရတဲ့ မြင်ကွင်းမှာ မြှားလေးနှစ်ဘက်ဟာ ဖိုင်ရဲ့အစနဲ့ အဆုံးမှာ ပေါ်လာမှာဖြစ်ပါ တယ်။ ဒီမြှားလေးတွေကနေ လက်နဲ့ ထောက်ဆွဲပြီး ကိုယ်မလိုချင်တဲ့ အပိုင်းတွေကို ဖြတ်တောက် လိုက်နိုင်ပါတယ်။ ဒီလိုမျိုး မြှားနဲ့ဆွဲပြီး ဖြတ်တောက် လိုက်တဲ့အချိန်မှာ ကိုယ်ကဗီဒီယို ဖိုင်ထဲက ကိုယ်ပထမဆုံး လိုချင်တဲ့ အပိုင်းကို အရင်ဆုံးဖြတ်ပြီး ယူထားလိုက်တဲ့ အချိန်မှာ တစ်ခြား အပိုင်းတွေက ပြတ်သွားမှာဖြစ်ပါတယ်။
အဲဒီလိုမျိုး ပျောက်သွားတဲ့ အပိုင်းတွေ၊ ကိုယ်ဖြတ်လိုက်တဲ့ အပိုင်းတွေကို ပြန်လိုချင်တယ် ဆိုရင်လည်း ဖိုင်ကို လက်နဲ့ ပြန်ထောက်လိုက်ပြီး မြှားနဲ့ပြန်ဆွဲချဲ့ပြီး ယူနိုင်ပါတယ်။ ကိုယ်က လိုချင်တဲ့ အပိုင်းကို ဖြတ်လိုက်ပြီးတဲ့ အချိန်မှာ အဲဒီဖိုင် နေကနေပဲ နောက်ထပ် အခန်းအချို့ကို ထပ်ဖြတ်ပြီး ထည့်သွင်းချင်တယ် ဆိုရင်လည်း ရပါတယ်။ ထပ်ထည့်ချင်တယ် ဆိုရင်တော့ အပေါင်းလက္ခဏာသ င်္ကေတကို ထပ်နှိပ်ပြီး ကိုယ်လိုချင်တဲ့ ဖိုင်ကိုထပ်ထည့်ပြီး Edit ပြုလုပ်တွဲဆက် နိုင်ပါတယ်။ Edit ပြုလုပ် ဖြတ်တောက်ဖို့အတွက် ဖိုင်ကိုလက်နဲ့ ထောက်လိုက်တဲ့ အချိန်မှာ အပေါ်ထိပ် ဘားတန်းထဲမှာ ခုလိုမျိုး မြင်ရပါလိမ့်မယ်။
A+ ဆိုတဲ့ သင်္ကေတကို နှိပ်လိုက်ရင်တော့ ခုလိုမြင်ရ ပါလိမ့်မယ်။
ဒါကတော့ ကိုယ့်ရဲ့ဗီဒီယိုပေါ်မှာ စာတန်းထိုးချင်တယ် ဆိုရင်ထိုးနိုင်မယ့် နေရာဖြစ်ပါတယ်။ A+ ရဲ့ဘေးနားမှာ ရှိနေတဲ့ FX ဆိုတဲ့ နေရာကို နှိပ်လိုက်ရင်တော့ ခုလိုမျိုး မြင်ရပါလိမ့်မယ်။
ဒါကတော့ ကိုယ့်ရဲ့ဗီဒီယိုကို ကိုယ်ပြောင်းလဲချင်တဲ့ အရောင်အသွေးတွေ ပြောင်းလဲနိုင်မယ့် နေရာဖြစ်ပါတယ်။ အောက်မှာရှိနေတဲ့ Edit အကွက်ထဲက ဗီဒီယို တစ်ကတ်ချင်းစီကို ထောက်ပြီး အရောင်တွေ စိတ်ကြိုက်ပြောင်းလဲ ပြုလုပ်နိုင်ပါတယ်။
Edit လုပ်ဆောင်ချက်တွေ အားလုံးပြီးပြီ ဆိုရင်တော့ အပေါ်ထိပ် ညာဖက်ထောင့်မှာ ရှိနေတဲ့ Menu ပုံလေးကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။
မြင်တွေ့ရတဲ့ မြင်ကွင်းမှာရှိနေတဲ့ Export Movie ဆိုတာကိုနှိပ်ပြီး ကိုယ့်ရဲ့ Project ဖိုင်ကို Save လုပ်နိုင်ပါတယ်။ Menu ရဲ့ ဘေးနားမှာ ရှိနေတဲ့ အပေါ်ထိပ်က အပေါင်း လက္ခဏာလေးကိုနှိပ် လိုက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ ဗီဒီယို ဖိုင်ထဲမှာ နောက်ခံသီချင်းသံတွေနဲ့ ဓာတ်ပုံတွေကို ထပ်မံထည့်သွင်းနိုင်တဲ့ စနစ်တွေ ရှိပါတယ်။
***အဆင်​​ပြေပါ​စေ***
###NCT Squ Nyi###

No comments:

Post a Comment