Friday, March 6, 2015

Sandboxie ကို အသုံးပြု၍ Virus အန္တရာယ်ကို ကာကွယ်ခြင်း






By: 

သီဟ


နေ့စဉ်ကွန်ပျူတာ သုံးစွဲသူတွေဟာ မူရင်း Source တွေကို မသိရှိဘဲ ဆော့ဖ်ဝဲတွေကို အသုံးပြုနေကြ ရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီဆော့ဖ်ဝဲကို ဘယ်ကထုတ်တယ်၊ ဘယ်ကနေ Develope ပြုလုပ်ပြီး ဖြန့်ချိတယ် ဆိုတာမျိုးကို မသိရှိနိုင်ဘဲ အသုံးပြုရတာ မျိုးတွေလည်း ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ်အသုံးပြုတဲ့ ဆော့ဖ်ဝဲဟာ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ခိုးယူနိုင်မယ့် နည်းပညာတွေ ပါဝင်လာတယ်ဆိုရင် မိမိကွန်ပျူတာမှာ ထည့်သွင်းအသုံးမပြုခင် ကြိုတင်စမ်းသပ် စစ်ဆေးသင့်ပါတယ်။
အခုဖော်ပြပေးမယ့် Sandboxie ဆိုတဲ့ ဆော့ဖ်ဝဲကတော့ Windows Opearting System အသုံးပြု သူတွေအနေနဲ့ မိမိကွန်ပျူတာမှာ  ဆော့ဖ်ဝဲတွေကို သုံးစွဲတဲ့ အခါမှာပဲဖြစ်ဖြစ်၊ Browser တွေ Explorer တွေကို သုံးစွဲတဲ့ အခါမှာပဲဖြစ်ဖြစ် ကိုယ့်ကွန်ပျူတာ အတွင်းက အချက်အလက်များကို အလွယ်တကူနဲ့ ခိုးယူခံရခြင်းမှ ကာကွယ်နိုင်တဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Sandboxie အလုပ် လုပ်ဆောင်ပုံဟာ ကိုယ်ကဆော့ဖ်ဝဲ တစ်ခုကို Run ချင်တဲ့အခါမှာ ကွန်ပျူတာ Hard Disk ပေါ်မှာတိုက်ရိုက် မ Run စေဘဲ ၊ Sandboxie က ကြားခံတစ်ခုအနေနဲ့ အဆိုပါ Sandboxie ဆော့ဖ်ဝဲပေါ်မှာ Run လိုက်မှာ ဖြစ်ပါတယ်။ Sandboxie ကို ကြားခံအနေဖြင့် အသုံးပြုပြီး ဆော့ဖ်ဝဲတွေကို Run တာပဲဖြစ်ဖြစ်၊ Browser တွေပေါ်မှာ အသုံးပြုတာ မျိုးပဲဖြစ်ဖြစ် ကိုယ်အသုံးပြုလိုက်တဲ့ ဆော့ဖ်ဝဲမှာ Virus တွေပါလာတာမျိုး ရှိနေတယ် ဆိုရင်တောင် System ပိုင်းကို ထိခိုက်မှာ မစိုးရိမ်ရတော့ပါဘူး။ Sandboxie ကို အသုံးပြုဖို့အတွက် http://goo.gl/Iuf8iPဆိုတဲ့ဝက်ဘ်ဆိုက် လိပ်စာမှာ အဆိုပါ ဆော့ဖ်ဝဲကို အရင်ဆုံး Download ပြုလုပ်လိုက်ပါ။ Download ပြုလုပ် ပြီးသွားပြီဆိုရင် Sandboxie ကို စတင်အသုံးပြု နိုင်မှာဖြစ်ပါတယ်။ Sandboxie ကိုဖွင့်ပြီး Sandboxie Default Box ကိုရွေးချယ် ထားလိုက်ပါ။ ပြီးသွားပြီဆိုရင် Run Sandboxed > Run Any Program ဆိုတာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
ဒါဟာ Application တွေကို Run ချင်တဲ့အခါမှာ အလွယ်တကူနဲ့ Run နိုင်ရန်အတွက် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အကယ်၍ Application တစ်ခုခုဟာ Permission လိုအပ်တယ်ဆိုရင်လည်း Sandboxie မှတစ်ဆင့် Permission ပေးနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ Any Program မဟုတ်ဘဲ Browser တစ်ခုတည်းကို Run ချင်တဲ့ အခါမျိုးမှာ ဆိုရင်လည်း Run Web Browser ဆိုတာကို ရွေးချယ်ကာ မိမိအသုံးပြုမယ့် Web Browser ကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ Sandboxieနဲ့ Run ပြီးပြီဆိုရင် မိမိရွေးချယ် အသုံးပြုနေတဲ့  ဆော့ဖ်ဝဲတို့ ၊ Web Browser တို့ဘေးမှာ အဝါရောင် ဘောင်ကွပ်လေးနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဲဒီ အဓိပ္ပာယ်ကတော့ ဆော့ဖ်ဝဲတွေနဲ့ Web Browser တွေကို Sand boxie ပေါ်မှာ Run နေတယ်လို့ ဖော်ပြ ပေးထားတာပဲ ဖြစ်ပါတယ်။
Copy by - internet journal 

No comments:

Post a Comment

how to hack a yahoo mail yahoo mail ကိုဘယ်​လိုဟတ်​မလဲ

မင်္ဂလာပါ ခင်​ဗျာ ဒီတစ်​ခါ​တော့ကျွန်​​တော့နဲ့ညီကိုသူငယ်​ချင်းတစ်​​ယောက်​ရဲ့မျှ​ဝေ​ပေးထားတဲ့နည်း​လေးပါကျွန်​​တော့ဆရာဆိုလည်းမှားမယ်​မထင်​...