Showing posts with label News. Show all posts
Showing posts with label News. Show all posts

Wednesday, March 18, 2015

Messenger app မှတစ်ဆင့် Facebook သူငယ်ချင်းများထံ ပိုက်ဆံပေးပို့နိုင်မည်


By: နောင်နောင်

နာမည်ကျော် လူမှုရေးကွန်ရက် ဖြစ်သည့် Facebook သည် Messenger app မှတစ်ဆင့် MasterCard နှင့် Visa debit card account များဖြင့် ချိတ်ဆက်ထားသည့် သူငယ်ချင်းများ အပြန်အလှန် ပိုက်ဆံပေးပို့နိုင်မည့် အစီအစဉ်ကို မိတ်ဆက်ပေးခဲ့သည်။
သုံးစွဲသူများသည် Messenger app တွင် ပါဝင်သည့် ဒေါ်လာသင်္ကေတကို နှိပ်ရုံဖြင့် အပြန်အလှန် ပိုက်ဆံပေးပို့နိုင်မည် ဖြစ်သည်။ လက်ရှိတွင် Messenger ကို သုံးစွဲသူဦးရေ သန်း ၅၀၀ ခန့်ရှိသည်။
အဆိုပါ feature သစ်သည် Facebook သုံးစွဲသူများက သူငယ်ချင်းများနှင့် အပြန်အလှန် ပိုက်ဆံပေးပို့ခြင်းကို လွယ်ကူသည့် နည်းလမ်းဖြင့် ပြုလုပ်နိုင်စေမည် ဖြစ်သည်။ ထို့အပြင် ၎င်းသည် mobile app messaging တွင် Facebook က ကြီးစိုးထားခြင်းကို အထောက်အကူ ဖြစ်စေနိုင်ဖွယ်ရှိသည်။
Facebook ကို မိုဘိုင်းထုတ်ကုန်မှ လစဉ်သုံးစွဲသူ ဦးရေသည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ၁.၂ ဘီလီယံနီးပါး ရှိခဲ့သော်လည်း Messenger ဝန်ဆောင်မှုကို သုံးစွဲသူခန့်မှာ ၎င်းထက် ထက်ဝက်ခန့်သာ ရှိခဲ့သည်။ Facebook သည် ပြီးခဲ့သည့်နှစ်က ကမ္ဘာတစ်ဝန်း သုံးစွဲသူ သန်း ၇၀၀ ခန့်ရှိသည့် Whatsapp ကို ဝယ်ယူခဲ့သော်လည်း ငွေပေးချေနိုင်သည့် ဝန်ဆောင်မှုကိုမူ ထောက်ပံ့ပေးထားခြင်း မရှိပေ။
သူငယ်ချင်းများနှင့် အပြန်အလှန် ပိုက်ဆံပေးနိုင်မည့် feature ကို iOS နှင့် Android သုံးစွဲသူများထံ မကြာမီ ဖြန့်ချိသွားမည်ဟု Facebook မှ ပြောကြားခဲ့သည်။
Ref: CNET

Sunday, March 1, 2015

ထိုင်းရောက်မြန်မာများအတွက် မိုဘိုင်းဖုန်းမှ ငွေလွှဲနိုင်မည့် ဝန်ဆောင်မှု Telenor



By: 

ထွန်းထွန်း


ထိုင်းရောက်မြန်မာများအတွက် မိုဘိုင်းဖုန်းမှ ငွေလွှဲနိုင်မည့် ဝန်ဆောင်မှု Telenor စတင်လိုက် ကြောင်း Telenor မြန်မာမှ သိရသည်။
ထိုင်းနိုင်ငံတွင် အသုံးပြုနေသော Dtac ဆင်းမ်ကတ်များမှတစ်ဆင့် ငွေလွှဲနိုင်ရန် ဆောင်ရွက်လိုက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါဝန်ဆောင်မှုကို စတင်ဆောင်ရွက်ပေးနေကြောင်း Telenor မြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာတွေ ဒီကို ငွေလွှဲလို့ရအောင် ဆောင်ရွက်လိုက်တာပါ။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ တယ်လီနော ဝန်ဆောင်မှု အသုံးပြုနေတဲ့သူတွေ ဒီ Air time transfer စ နစ်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်” ဟုပြောကြားသည်။
တယ်လီနောနှင့် Dtac ပူးပေါင်း၍ ဝန်ဆောင်မှုများကိုလည်း ကရင်ပြည်နယ် မြဝတီမြို့တွင် စတင်ပေးနေကြောင်း သိရသည်။

Tags: 

how to hack a yahoo mail yahoo mail ကိုဘယ်​လိုဟတ်​မလဲ

မင်္ဂလာပါ ခင်​ဗျာ ဒီတစ်​ခါ​တော့ကျွန်​​တော့နဲ့ညီကိုသူငယ်​ချင်းတစ်​​ယောက်​ရဲ့မျှ​ဝေ​ပေးထားတဲ့နည်း​လေးပါကျွန်​​တော့ဆရာဆိုလည်းမှားမယ်​မထင်​...