Showing posts with label နည်းလမ်းများ. Show all posts
Showing posts with label နည်းလမ်းများ. Show all posts

Monday, March 30, 2015

Clash of Clans ဂိမ်းကို PC ပေါ်တွင် ကစားခြင်း

မင်္ဂလာပါ;
အခုတင်​​ပေးလိုက်​တဲ့နည်းလမ်း​လေးက​တော့ဘာရယ်​​တော့မဟုတ်​ပါဘူး....COC ကစားကြတဲ့​ဘော်​ဒါ​တွေအတွက်​ Pc မှာကစားလို့ရ​အောင်​လုပ်​တဲ့နည်းလမ်း​လေး​တွေ့တုန်းမသိ​သေးတဲ့သူ​တွေအတွက်​အဆင်​​ပြေပါ​စေဆိုပီးပြန်​ရှယ်​​ပေးလိုက်​တာပါ...ကဲ..စိတ်​၀င်​စားတယ်​ဆိုရင်​​တော့​အောက်​မှာဆက်​ပီး​လေ့လာလိုက်​ပါဗျာ.....

By: 

နောင်နောင်
နာမည်ကျော် မိုဘိုင်းဂိမ်းဖြစ်တဲ့ Clash of Clans ဂိမ်းကို PC ပေါ်မှာ ကစားလိုသူများ အနေနဲ့ အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။
(၁) Bluestacks ကို http://www.bluestacks.com မှာ download လုပ်ပါ။
(၂) Bluestacks ကို install လုပ်ပြီးပါက Clash of Clans apk ဖိုင်ကို install လုပ်ပါ။ APK ဖိုင် မရှိသူများhttp://www9.zippyshare.com/v/23522291/file.htmlမှာ download လုပ်ပါ။
(၃) COC.apk ဖိုင်ကို click နှစ်ချက်နှိပ်ပါ။ Bluestacks မှာ install လုပ်သွားပါလိမ့်မယ်။ Click နှစ်ချက်နှိပ်ချိန်မှာ Bluestacks မပေါ်လာခဲ့ရင် COC.apk ဖိုင်ပေါ်မှာ right-click နှိပ်ပြီး Open with… ကိုနှိပ်ပါ။ Browse ကိုနှိပ်ပြီး Bluestacks directory ထံသွားပါ။ Bluestacks directory က C:\Program Files\BlueStacks ဖြစ်ပါတယ်။ 64-bit သုံးသူများကတော့ C:\Program Files (x86)\BlueStacks ထံသွားပါ။ ပြီးရင် HD-ApkHandler.exe ကိုရွေးပါ။ Bluestacks မှာ COC က install လုပ်သွားပါလိမ့်မယ်။
(၄) Android user တွေကတော့ Google+ ခလုတ်ကိုနှိပ်ပြီး log in လုပ်ပြီးတာနဲ့ COC ကို PC ပေါ်မှာ ကစားနိုင်ပါပြီ။
(၅) iOS user တွေကတော့ Link ချိတ်ရမယ့်အဆင့် လုပ်ဖို့လိုပါတယ်။ Link ချိတ်ဖို့အတွက် အောက်ပါအဆင့်အတိုင်း ပြုလုပ်ပါ။
- Bluestacks နဲ့ iOS ပေါ်မှာ COC ဂိမ်းကို ဖွင့်ပါ။
- ပြီးရင် နှစ်ခုစလုံးက in-game settings window ကို ဖွင့်ပါ။
- Link a device ခလုတ်ကိုနှိပ်ပါ။
- Old device နဲ့ New device ကို သတ်မှတ်ပါ။ iOS မှာ old device လို့ရွေးပြီး Bluestacks မှာ new device ကိုရွေးပါ။
- “I want to link to another device” ကိုရွေးပါ။
- အဲ့ဒီနောက် iOS မှာ code တစ်ခုပေါ်လာပါမယ်။ အဲ့ဒီ code ကို device အသစ်မှာ (Bluestacks) ရိုက်ထည့်ဖို့အတွက် အချိန် ၅ မိနစ် ရပါတယ်။ ၅ မိနစ်အတွင်း မရိုက်နိုင်ရင်တော့ နောက်ထပ် code တစ်ခု ထပ်ယူရပါမယ်။





 စာတန်းပေါ်လာရင်တော့ COC ဂိမ်းကို Bluestacks မှာ ဆက်ကစားနိုင်ပါပြီ.....အဆင်​​ပြေကြပါ​စေဗျား........


မင်္ဂလာပါ..ခုလိုလာရောက်လည်ပတ်ပေးတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်နော်..အဆင်မပြေတာရှိရင်လည်း comment box မှာစာချန်ထားခဲ့နိုင်ပါတယ်..ကျနော်တင်သမျှ post တွေကိုသူငယ်ချင်း တို့ facebook မှာတက်စေချင်ရင်>>>>>>>


ကျနော့်ရဲ့ နည်းပညာမှတ်စုဆိုတဲ့ page လေးကို{ ဒီမှာ }သွားပြီး Like နှိပ်ထားလိုက်နော်....Admin - NCT Squ Nyi

Thursday, March 26, 2015

Android ဖုန်းများပေါ်မှ ဗီဒီယိုဖိုင်များ တည်းဖြတ်ခြင်း


By: 

ကိုသက်
Android ဖုန်းတွေပေါ်ကနေ Video ဖိုင်တွေကို အလွယ်တကူ Edit ပြုလုပ်နိုင်မယ့် နည်းလမ်းဖြစ် ပါတယ်။ Edit ပြုလုပ်ဖို့အတွက် Android Video Edit ဆော့ဖ်ဝဲတစ်ခုဖြစ်တဲ့ Video Edit + (Video Editor) ဆိုတဲ့ ဆော့ဖ်ဝဲကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲဟာ အသုံးပြုဖို့အတွက် လွယ်ကူတဲ့အပြင် ဆော့ဖ်ဝဲကိုလည်း Play Store ပေါ်မှာ အခမဲ့ရယူ အသုံးပြုနိုင်ပါတယ်။ ဆော့ဖ်ဝဲရဲ့ Icon ကတော့ ခုလိုပုံစံမျိုးရှိပါတယ်။
ဆော့ဖ်ဝဲကို ဖွင့်လိုက်ရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့် မယ်။
မြင်တွေ့ရတဲ့ မြင်ကွင်းမှာရှိနေတဲ့ Create New Project ဆိုတဲ့နေရာကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။
ဒါကတော့ ကိုယ်ပြုလုပ်မယ့် ဗီဒီယို Edit ဖိုင်အတွက် Project နာမည်ပေးရမယ့် နေရာဖြစ်ပါ တယ်။ ဒီနေရာမှာ ကိုယ်ပေးချင်တဲ့ နာမည်တစ်ခုခုကို ပေးခဲ့လိုက်ပါ။ ပြီးသွားရင်တော့ OK ကိုနှိပ်လိုက်ရင် ခုလိုမျိုး မြင်တွေ့ရပါ လိမ့်မယ်။
ဒါကတော့ Video ဒါမှမဟုတ် ဓာတ်ပုံတွေကို Movie ဖိုင်အဖြစ် ပြုလုပ်တဲ့အချိန်မှာ Edit ပြုလုပ်ရမယ့် နေရာဖြစ်ပါတယ်။ ကွန်ပျူတာတွေမှာ အသုံးပြုတဲ့ Video Edit ဆော့ဖ်ဝဲတွေနဲ့ ဆင်တူတဲ့ မြင်ကွင်းမျိုး ဖြစ်ပါတယ်။ မြင်တွေ့ရတဲ့ မြင်ကွင်းရဲ့ အလည်မှာရှိနေတဲ့ အပေါင်းလက္ခဏာ သင်္ကေတကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ရပါ လိမ့်မယ်။
ဒါကတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ ဗီဒီယိုဖိုင် ဒါမှမဟုတ် ဓာတ်ပုံတွေကို Edit လုပ်ဖို့အတွက် ရွေးချယ်ထည့်သွင်းရမယ့် နေရာဖြစ်ပါတယ်။ ကိုယ် Edit ပြုလုပ်မယ့် ဖိုင်ကိုရွေးချယ် ပေးလိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ရပါ လိမ့်မယ်။
ဒါဆိုရင်တော့ Edit စတင်ပြု လုပ်လို့ရပါပြီ။ အကွက်သုံးကွက် ရှိနေတဲ့နေရာမှာ အပေါ်ဆုံးက လေးထောင့်ကွက် အကြီးကတော့ Project Monitor လို့ခေါ်ပါတယ်။ ဒါကတော့ ကိုယ်ပြုလုပ်နေတဲ့ Project ကို ကြည့်ရှုရမယ့် နေရာဖြစ်ပါတယ်။ အောက်မှာရှိနေတဲ့ အကွက်နှစ်ကွက်မှာတော့ အလည်တည့်တည့်မှာ ရှိနေတဲ့ မျဉ်းကြောင်းဟာ Edit ပြုလုပ်ရမယ့် မျဉ်းကြောင်း ဖြစ်ပါ တယ်။ Project ဖိုင်ဟာ အလည်  ဒေါင်လိုက် မျဉ်းကြောင်းနေရာ ကနေပဲစတင်ပါလိမ့်မယ်။ Play သင်္ကေတကို နှိပ်လိုက်ရင် ကိုယ့်ရဲ့ Video ဖိုင်ဟာ စတင်ပြီး သွားနေပါလိမ့်မယ်။
ဗီဒီယိုဖိုင် စတင်ပြီးသွားနေတဲ့ အချိန်မှာ ကိုယ်က အပေါ်မှာမြင် တွေ့ရတဲ့ အကွက်ထဲက ရုပ်တွေရဲ့ အသွားအလာကို ကြည့်ပြီး ကိုယ်ဖြတ်ချင်တဲ့ အပိုင်းတွေကို ဖြတ်ရမှာဖြစ်ပါတယ်။ အောက်မှာရှိနေတဲ့ ဒေါင်လိုက် မျဉ်းကြောင်းပေါ်မှာ ရှိနေတဲ့ ဗီဒီယိုဖိုင်ကို လက်နဲ့ ထောက်လိုက်ရင်တော့ ခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။
မြင်တွေ့ရတဲ့ မြင်ကွင်းမှာ မြှားလေးနှစ်ဘက်ဟာ ဖိုင်ရဲ့အစနဲ့ အဆုံးမှာ ပေါ်လာမှာဖြစ်ပါ တယ်။ ဒီမြှားလေးတွေကနေ လက်နဲ့ ထောက်ဆွဲပြီး ကိုယ်မလိုချင်တဲ့ အပိုင်းတွေကို ဖြတ်တောက် လိုက်နိုင်ပါတယ်။ ဒီလိုမျိုး မြှားနဲ့ဆွဲပြီး ဖြတ်တောက် လိုက်တဲ့အချိန်မှာ ကိုယ်ကဗီဒီယို ဖိုင်ထဲက ကိုယ်ပထမဆုံး လိုချင်တဲ့ အပိုင်းကို အရင်ဆုံးဖြတ်ပြီး ယူထားလိုက်တဲ့ အချိန်မှာ တစ်ခြား အပိုင်းတွေက ပြတ်သွားမှာဖြစ်ပါတယ်။
အဲဒီလိုမျိုး ပျောက်သွားတဲ့ အပိုင်းတွေ၊ ကိုယ်ဖြတ်လိုက်တဲ့ အပိုင်းတွေကို ပြန်လိုချင်တယ် ဆိုရင်လည်း ဖိုင်ကို လက်နဲ့ ပြန်ထောက်လိုက်ပြီး မြှားနဲ့ပြန်ဆွဲချဲ့ပြီး ယူနိုင်ပါတယ်။ ကိုယ်က လိုချင်တဲ့ အပိုင်းကို ဖြတ်လိုက်ပြီးတဲ့ အချိန်မှာ အဲဒီဖိုင် နေကနေပဲ နောက်ထပ် အခန်းအချို့ကို ထပ်ဖြတ်ပြီး ထည့်သွင်းချင်တယ် ဆိုရင်လည်း ရပါတယ်။ ထပ်ထည့်ချင်တယ် ဆိုရင်တော့ အပေါင်းလက္ခဏာသ င်္ကေတကို ထပ်နှိပ်ပြီး ကိုယ်လိုချင်တဲ့ ဖိုင်ကိုထပ်ထည့်ပြီး Edit ပြုလုပ်တွဲဆက် နိုင်ပါတယ်။ Edit ပြုလုပ် ဖြတ်တောက်ဖို့အတွက် ဖိုင်ကိုလက်နဲ့ ထောက်လိုက်တဲ့ အချိန်မှာ အပေါ်ထိပ် ဘားတန်းထဲမှာ ခုလိုမျိုး မြင်ရပါလိမ့်မယ်။
A+ ဆိုတဲ့ သင်္ကေတကို နှိပ်လိုက်ရင်တော့ ခုလိုမြင်ရ ပါလိမ့်မယ်။
ဒါကတော့ ကိုယ့်ရဲ့ဗီဒီယိုပေါ်မှာ စာတန်းထိုးချင်တယ် ဆိုရင်ထိုးနိုင်မယ့် နေရာဖြစ်ပါတယ်။ A+ ရဲ့ဘေးနားမှာ ရှိနေတဲ့ FX ဆိုတဲ့ နေရာကို နှိပ်လိုက်ရင်တော့ ခုလိုမျိုး မြင်ရပါလိမ့်မယ်။
ဒါကတော့ ကိုယ့်ရဲ့ဗီဒီယိုကို ကိုယ်ပြောင်းလဲချင်တဲ့ အရောင်အသွေးတွေ ပြောင်းလဲနိုင်မယ့် နေရာဖြစ်ပါတယ်။ အောက်မှာရှိနေတဲ့ Edit အကွက်ထဲက ဗီဒီယို တစ်ကတ်ချင်းစီကို ထောက်ပြီး အရောင်တွေ စိတ်ကြိုက်ပြောင်းလဲ ပြုလုပ်နိုင်ပါတယ်။
Edit လုပ်ဆောင်ချက်တွေ အားလုံးပြီးပြီ ဆိုရင်တော့ အပေါ်ထိပ် ညာဖက်ထောင့်မှာ ရှိနေတဲ့ Menu ပုံလေးကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။
မြင်တွေ့ရတဲ့ မြင်ကွင်းမှာရှိနေတဲ့ Export Movie ဆိုတာကိုနှိပ်ပြီး ကိုယ့်ရဲ့ Project ဖိုင်ကို Save လုပ်နိုင်ပါတယ်။ Menu ရဲ့ ဘေးနားမှာ ရှိနေတဲ့ အပေါ်ထိပ်က အပေါင်း လက္ခဏာလေးကိုနှိပ် လိုက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ ဗီဒီယို ဖိုင်ထဲမှာ နောက်ခံသီချင်းသံတွေနဲ့ ဓာတ်ပုံတွေကို ထပ်မံထည့်သွင်းနိုင်တဲ့ စနစ်တွေ ရှိပါတယ်။
***အဆင်​​ပြေပါ​စေ***
###NCT Squ Nyi###

Friday, March 6, 2015

Sandboxie ကို အသုံးပြု၍ Virus အန္တရာယ်ကို ကာကွယ်ခြင်း






By: 

သီဟ


နေ့စဉ်ကွန်ပျူတာ သုံးစွဲသူတွေဟာ မူရင်း Source တွေကို မသိရှိဘဲ ဆော့ဖ်ဝဲတွေကို အသုံးပြုနေကြ ရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီဆော့ဖ်ဝဲကို ဘယ်ကထုတ်တယ်၊ ဘယ်ကနေ Develope ပြုလုပ်ပြီး ဖြန့်ချိတယ် ဆိုတာမျိုးကို မသိရှိနိုင်ဘဲ အသုံးပြုရတာ မျိုးတွေလည်း ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ်အသုံးပြုတဲ့ ဆော့ဖ်ဝဲဟာ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ခိုးယူနိုင်မယ့် နည်းပညာတွေ ပါဝင်လာတယ်ဆိုရင် မိမိကွန်ပျူတာမှာ ထည့်သွင်းအသုံးမပြုခင် ကြိုတင်စမ်းသပ် စစ်ဆေးသင့်ပါတယ်။
အခုဖော်ပြပေးမယ့် Sandboxie ဆိုတဲ့ ဆော့ဖ်ဝဲကတော့ Windows Opearting System အသုံးပြု သူတွေအနေနဲ့ မိမိကွန်ပျူတာမှာ  ဆော့ဖ်ဝဲတွေကို သုံးစွဲတဲ့ အခါမှာပဲဖြစ်ဖြစ်၊ Browser တွေ Explorer တွေကို သုံးစွဲတဲ့ အခါမှာပဲဖြစ်ဖြစ် ကိုယ့်ကွန်ပျူတာ အတွင်းက အချက်အလက်များကို အလွယ်တကူနဲ့ ခိုးယူခံရခြင်းမှ ကာကွယ်နိုင်တဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Sandboxie အလုပ် လုပ်ဆောင်ပုံဟာ ကိုယ်ကဆော့ဖ်ဝဲ တစ်ခုကို Run ချင်တဲ့အခါမှာ ကွန်ပျူတာ Hard Disk ပေါ်မှာတိုက်ရိုက် မ Run စေဘဲ ၊ Sandboxie က ကြားခံတစ်ခုအနေနဲ့ အဆိုပါ Sandboxie ဆော့ဖ်ဝဲပေါ်မှာ Run လိုက်မှာ ဖြစ်ပါတယ်။ Sandboxie ကို ကြားခံအနေဖြင့် အသုံးပြုပြီး ဆော့ဖ်ဝဲတွေကို Run တာပဲဖြစ်ဖြစ်၊ Browser တွေပေါ်မှာ အသုံးပြုတာ မျိုးပဲဖြစ်ဖြစ် ကိုယ်အသုံးပြုလိုက်တဲ့ ဆော့ဖ်ဝဲမှာ Virus တွေပါလာတာမျိုး ရှိနေတယ် ဆိုရင်တောင် System ပိုင်းကို ထိခိုက်မှာ မစိုးရိမ်ရတော့ပါဘူး။ Sandboxie ကို အသုံးပြုဖို့အတွက် http://goo.gl/Iuf8iPဆိုတဲ့ဝက်ဘ်ဆိုက် လိပ်စာမှာ အဆိုပါ ဆော့ဖ်ဝဲကို အရင်ဆုံး Download ပြုလုပ်လိုက်ပါ။ Download ပြုလုပ် ပြီးသွားပြီဆိုရင် Sandboxie ကို စတင်အသုံးပြု နိုင်မှာဖြစ်ပါတယ်။ Sandboxie ကိုဖွင့်ပြီး Sandboxie Default Box ကိုရွေးချယ် ထားလိုက်ပါ။ ပြီးသွားပြီဆိုရင် Run Sandboxed > Run Any Program ဆိုတာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
ဒါဟာ Application တွေကို Run ချင်တဲ့အခါမှာ အလွယ်တကူနဲ့ Run နိုင်ရန်အတွက် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အကယ်၍ Application တစ်ခုခုဟာ Permission လိုအပ်တယ်ဆိုရင်လည်း Sandboxie မှတစ်ဆင့် Permission ပေးနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ Any Program မဟုတ်ဘဲ Browser တစ်ခုတည်းကို Run ချင်တဲ့ အခါမျိုးမှာ ဆိုရင်လည်း Run Web Browser ဆိုတာကို ရွေးချယ်ကာ မိမိအသုံးပြုမယ့် Web Browser ကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ Sandboxieနဲ့ Run ပြီးပြီဆိုရင် မိမိရွေးချယ် အသုံးပြုနေတဲ့  ဆော့ဖ်ဝဲတို့ ၊ Web Browser တို့ဘေးမှာ အဝါရောင် ဘောင်ကွပ်လေးနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဲဒီ အဓိပ္ပာယ်ကတော့ ဆော့ဖ်ဝဲတွေနဲ့ Web Browser တွေကို Sand boxie ပေါ်မှာ Run နေတယ်လို့ ဖော်ပြ ပေးထားတာပဲ ဖြစ်ပါတယ်။
Copy by - internet journal 

how to hack a yahoo mail yahoo mail ကိုဘယ်​လိုဟတ်​မလဲ

မင်္ဂလာပါ ခင်​ဗျာ ဒီတစ်​ခါ​တော့ကျွန်​​တော့နဲ့ညီကိုသူငယ်​ချင်းတစ်​​ယောက်​ရဲ့မျှ​ဝေ​ပေးထားတဲ့နည်း​လေးပါကျွန်​​တော့ဆရာဆိုလည်းမှားမယ်​မထင်​...